Xiaomi Car မကြာမီလာမည် Xiaomi CEO Lei Jun သည် Xiaomi Pictures မှ နုတ်ထွက်ပြီး Auto Brand သို့ ဝင်ရောက်

chairman and CEO of Xiaomi Technology | Image credit: Depositphotos


2021 ခုနှစ်တွင် Xiaomi သည် ကားများတည်ဆောက်ရန် ရည်ရွယ်ချက်ကို လူသိရှင်ကြား ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီသည် ယင်း အောင်မြင်မှုဆီသို့ ရောက်ရှိရန်စွမ်းဆောင်ရည်များ မြှင့်တင်ခဲ့ကြသည်။ ဒီလိုလုပ်ဆောင်ရာတွင် Xiaomi ၏ CEO ဖြစ်သူ Lei Jun သည် Xiaomi Pictures.Co,Ltd ၏ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ယခုအခါ ကုမ္ပဏီ၏ မော်တော်ကား အသစ်များဖြစ်ပေါ်လာမည့် Xiaomi ကားများကို တည်ဆောက်‌ေနခြင်းဟု ဆိုနိုင်သည်။
 
နည်းပညာနယ်ပယ်တွင် ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးအနေဖြင့် Lei Jun ၏လှည့်ကွက်သည် များစွာအာရုံစိုက်ခံခဲ့ရသည်။ မကြာသေးမီက CNMO သည် Xiaomi Films ၏ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပြီး ကုမ္ပဏီမှ နုတ်ထွက်ကြောင်း သတင်းထွက်လာသည်။ Xiaomi Film Co., Ltd. သည် စီးပွားဖြစ်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ကြ ‌ေကြာင်းနဲ့ Lei Jun မှ ဥက္ကဌအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး Hong Feng မှ ဒါရိုက်တာအဖြစ်မှ နှုတ်ထွက်ခဲ့ကြောင်း သိရသည်။2021 ခုနှစ်တွင် မော်တော်ကားများ စတင်ထုတ်လုပ်မည့် အစီအစဉ်ကို ကြေငြာပြီးကတည်းက Xiaomi ဆက်စပ်လုပ်ငန်းများနဲ့ပတ်သက်ပြီး လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ 
 
Xiaomi ၏တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Lei Jun သည် မော်တော်ကားများဖန်တီးရာတွင် သူ၏အလုပ်ကို ပိုမိုအာရုံစိုက်ခဲ့သည်။ Lei Jun သည် Xiaomi Pictures.Co,Ltd တွင် ၎င်း၏ဥက္ကဋ္ဌတာဝန်အပြင် ရာထူးအသီးသီးမှ နုတ်ထွက်ခဲ့သည်။Xiaomi Pictures Co., Ltd. ကို မှတ်ပုံတင်မတည်ရင်းနှီးငွေ ယွမ် သန်း ၅၀ ဖြင့် ၂၀၁၆ ခုနှစ် ဇွန်လတွင် စတင်တည်ထောင်ခဲ့ကြောင်း Qichacha မှ အချက်အလက်များအရ သိရသည်။ Wang Chuan ဆိုသူကို တရားဝင်ကိုယ်စားလှယ် လွှဲပြောင်းခဲ့ပြီး Hong Feng နှင့် Liu De တို့မှ ပူးပေါင်း၍ ဆောင်ရွက်ကာ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များကို ထုတ်လုပ်သည့် အဆိုပါ ကုမ္ပဏီတွင် အစုရှယ်ယာများ ပိုင်ဆိုင်သည်။

မကြာသေးမီက Lei Jun သည် Xiaomi Interactive Entertainment၊ Beijing Xiaomi Electronic Products Co., Ltd. နှင့် Beijing Xiaomi Electronic Software Technology Co., Ltd. တို့၏ အမှုဆောင်ဒါရိုက်တာအဖြစ် မကြာသေးမီက ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။သို့သော် မကြာသေးမီက Lei Jun သည် Lu Weibing ၏အဖွဲ့ဥက္ကဌအသစ်အဖြစ် Wang Xiang ၏နေရာကို ဆက်ခံတော့မည်ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတစ်စောင်ထုတ်ပြန်ခဲ့သည်ကို သတိပြုရမှာလည်းရှိ‌ေနပါ‌‌ေသးသည်။ Xiaomi Group ၏ လက်ရှိဥက္ကဌ Wang Xiang သည် 2022 ခုနှစ် ဒီဇင်ဘာလ 30 ရက်နေ့တွင် အဖွဲ့ဥက္ကဌအဖြစ်မှ တရားဝင်နှုတ်ထွက်ပြီးနောက် Xiaomi တွင် အကြီးတန်းအတိုင်ပင်ခံအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပါသည်။ထိုကြောင့် Lei Jun တစ်ယောက် ဘာတွေကြံစည်အားထုတ်နေသည်ကို ခန့်မှန်းကြည့်ယုံဖြစ်သိနိုင်ပြီး၊ အနာဂတ် အလိုလျောက်မောင်းနှင်ရေး မော်တော်ကား ထုတ်လုပ်မူများတွင် Xiaomi မှာလည်းပြိုင်ဘက်ကောင်းတစ်ယောက်အဖြစ် ဈေးကွက်ထဲတွင်ပါဝင်လာနိုင်ပါသည်။

Source;techgenyz


Post a Comment

0 Comments

Ad Code

Responsive Advertisement