ဂျာမနီနိုင်ငံ၊ Frankfurt တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော Tech Seminar ဆွေးနွေးပွဲနဲ့ပြပွဲကို Samsung Electronicsက ကျင်းပခဲ့ပါသည်။လွန်ခဲ့တဲ့ 12 နှစ်အတွင်း စတင်ခဲ့တဲ့ ဒီပလက်ဖောင်းကနေ၊ အတွေ့အကြုံသစ်နဲ့ ဝန်ဆောင်မူများ ပေးနိုင်ဖို့၊ ထုတ်ကုန်များအကြိုမိတ်ဆက်ခြင်းကို စတင်ပြုလုပ်ခဲ့ကြတာပါ။
![]() |
| image Source; Samsung Electronics |
Samsung Electronics ရဲ့ Visual Display Business ၏ အမှုဆောင်ဒုတိယဥက္ကဌ Cheolgi Kim က အခုလိုဆွေးနွေးပွဲတွေကနေ ထုတ်ကုန်သစ်များထုတ်မရောင်းခင်၊ ဆန်းသစ်တီထွင်မှုများကို ကိုယ်တိုင်ကြိုတင်တွေ့ကြုံခံစားနိုင်စေရန် အခွင့်အရေးများပေးဆောင်ထားကြောင်း ပြောကြားခဲ့သည်။ "လာမည့်လများအတွင်း မီဒီယာများ၊ Screen Technology ကျွမ်းကျင်သူများနှင့် နောက်ဆုံးပေါ် Screen နည်းပညာများကို ဆွေးနွေးရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။"လို့ဆိုပါတယ်။
Samsung မှ နောက်ဆုံးထွက် Neo QLED နှင့် OLED TV နှင့် Gaming Monitor များ၏ နောက်ဆုံးပေါ် ရုပ်ထွက် အရည်အသွေးများ၊ စမတ်နည်းပညာများကို ပြသသွားမှာဖြစ်သည် ။ 2023 ခုနှစ်အတွက်၊ innovative အဖြစ်ဆုံးနည်းပညာ များထဲမှတစ်ခုအဖြစ်၊ Display များလည်းပါဝင်ပြီးတော့၊ "Screen Everywhere, Screens For All" လို့အမည်ပေးထားပြီး၊ User Friendly ဖြစ်စေမယ့် အတွေ့အကြုံသစ်များယူဆောင်လာနိုင်ဖို့ ပြင်ဆင်ထားကြပါတယ်။ထို့အပြင်၊ အီလက်ထရွန်းနစ်ကုမ္ပဏီကြီးဟာ TV၊ Monitor နှင့် Lifestyle Products ထုတ်ကုန်အမျိုးအစားများကိုလည်း ပြသသွားဦးမှာဖြစ်ပါသည်။
Neo QLED 4K/8K မော်ဒယ်အသစ်များဟာ Samsung ၏ နောက်ဆုံးပေါ် Hardware , Software တိုးတက်မှုများဖြင့် တပ်ဆင်ထားပြီး၊ Samsung ဝါသနာအိုးများအတွက် ဘယ်လို မြင်ကွင်းမျိုးကိုမဆို အကောင်းဆုံးကြည်လင်ပြတ်သားမူနဲ့၊အစုံလင်ဆုံးအရောင်များကို 4K/8K Resolution များပေါ်မှတစ်ဆင့်ခံစားနိုင်စေမှာဖြစ်ပြီး၊ ဈေးနှုန်းများကလည်း၊ ပိုပိုကုန်ကျလာနိုင်ပါသေးတယ်။
![]() |
| Image Source; Samsung Electronics |
Display Model အသစ်များ
Samsung ၏ 77-လက်မ OLED S95C အသစ်တွင် ပြိုင်ဘက်ကင်းတောက်ပပြီး အရောင်အသွေးစုံလင်သော Display Resolution နှင့် အံ့သြဖွယ်ကောင်းသော OLED မျက်နှာပြင်များ၊ 49-လက်မ Odyssey OLED G9 Model မှာတော့၊ 32:9 အချိုးဖြင့် ပရီမီယံဂိမ်းကစားခြင်းအတွေ့အကြုံကို ပေးစွမ်းသည့် QHD 1800R ကွေးညွှတ်မျက်နှာပြင်ပါရှိပါတယ်။ ထို့အပြင်ဘေးဘောင် Frameများ၊ Samsung Art Store Software နှင့် Matte Display တို့သည် သုံးစွဲသူများအား အလင်းရောင်ပြန်ဟပ်မှု လျှော့ချပေးပါသေးသည်။ယခုလိုနည်းပညာများကြောင့်၊ Samsung ချစ်သူများအတွက် ၊Premium User Experience များကိုခံစားဖို့ စိတ်ကျေနပ်မူများပေးနိုင်ပါလိမ့်ဦးမယ်။
Sources; techgenyz


0 Comments
Write down your opinion Here. We are looking for your Help and feedback.